Imposter Syndrome ကို ကျော်လွှားနည်း

ကိုယ့်အောင်မြင်မှုကိုအယုံအကြည်မရှိတာ၊ ကိုယ့်အရည်အချင်းကိုလက်သင့်မခံနိုင်တာဟာ ကိုယ့်ကိုယ်ကိုယ်အတုအယောင်ထင်နေတဲ့ စိတ်ရောဂါလက္ခဏာတစ်မျိုးပါ။

Written BY

Persona

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui

All author's posts

Jun 23, 2022

"ကိုယ်နဲ့မထိုက်တန်ဘဲ ကံကောင်းလို့ဒီနေရာရောက်လာတာ" ဆိုတဲ့စကားမျိုး ခေါင်းဆောင်မှုနယ်ပယ်ကအမျိုးသမီးတွေဆီက မကြာခဏကြားရတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်အောင်မြင်မှုကိုအယုံအကြည်မရှိတာ၊ ကိုယ့်အရည်အချင်းကိုလက်သင့်မခံနိုင်တာဟာ "Imposter Syndrome" လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်အတုအယောင်ထင်နေတဲ့ စိတ်ရောဂါလက္ခဏာတစ်မျိုးပါ။ ဘာလုပ်လုပ်မပြည့်စုံဘူးထင်တဲ့ The Perfectionist တွေ၊ ဘာပဲဖြစ်ဖြစ် မနားမနေအလုပ်လုပ်မယ်ဆိုတဲ့ The Super Woman တွေ၊ ကိုယ်အားလုံးသိပြီးသားလို့ထင်နေတဲ့ The Natural Genius တွေ၊ ဘယ်သူ့အကူအညီမှမလိုဘဲ တစ်ယောက်တည်းလုပ်နိုင်တယ်ဆိုတဲ့ The Soloist တွေနဲ့ နေရာစုံမှာဆရာကျလိုတဲ့ The Expert တွေက Imposter အမျိုးအစားတွေပါပဲ။

ဒီ Imposter အမျိုးအစားထဲပါဝင်နေပြီဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေရဲ့စီးပွားရေး၊ လူမှုရေး၊ စိတ်ကျန်းမာရေးတို့ကိုပါ ထိခိုက်လာစေတာကြောင့် ကျော်လွှားနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။

(၁) စိတ်ကိုရှင်းအောင်ထားပါ။

ရာထူးအသစ်မှာလုပ်ကိုင်ရတဲ့အခါ ဒီနေရာမှာထူးချွန်တဲ့သူဖြစ်ဖို့ ကိုယ်သိထားတဲ့ပညာရပ်တွေကလုံလောက်ပါ့မလားလို့ အမြဲပူပန်နေတတ်ပါတယ်။ စွမ်းရည်အသစ်တွေမှာဆရာဖြစ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အခြေခံကစရပါတယ်။ ပန်းတိုင်ကိုရောက်ဖို့အတွက်အမြဲကြိုးစားနေပြီး သင်ယူမှုလမ်းကြောင်းကိုဖွင့်ထားပါ။ ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ်မကျဘဲ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုသတိရနေပြီး စိတ်ထဲကအကောင်းပြောနေဖို့လိုပါတယ်။

(၂) အောင်မြင်မှုတွေကို စာရင်းပြုစုပါ။

ကိုယ့်ဘဝတစ်လျှောက်မှာ အောင်မြင်မှုရခဲ့တဲ့အကြောင်းအရာ ၁၀ခုလောက်ချရေးကြည့်တဲ့အခါ ကိုယ်ဘယ်လောက်အရည်အချင်းအတွေ့အကြုံပြည့်မီခဲ့လဲဆိုတာ အမှတ်ရစေပါတယ်။ ချရေးထားတာတွေဖတ်တဲ့အခါ ကြိုးစားထားသမျှမြင်ယောင်ကြည့်ပြီး နှစ်ပေါင်းများစွာကျော်ဖြတ်ခဲ့တဲ့ ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်အားကို ချီးကျူးပေးဖို့ မမေ့ပါနဲ့။

(၃) ကိုယ့်ကိုယ်ကိုယ်နားလည်မှုထားပါ။

ကိုယ်ရောက်ချင်တဲ့နေရာအတွက် မလုံလောက်ဘူးလို့ ဘယ်နေရာမှာခံစားနေရတာလဲ သုံးသပ်ကြည့်ပါ။ Confidence မရှိတာကြောင့်လား၊ တခြားအချက်တွေဖြစ်တဲ့ အလုပ်ရှင်၊ အလုပ်ဖော်တွေက ခွဲခြားသတ်မှတ်ဆက်ဆံခံရတာကြောင့်လားဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်ယုံကြည်မှုကြောင့်ဖြစ်တာမဟုတ်ရင် ပြင်ပကလွှမ်းမိုးမှုတွေက ကိုယ့်ရဲ့ယုံကြည်မှုကိုစိုးမိုးစေတာတွေကြောင့် ဒီလိုခံစားရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်မှုပေးရပါလိမ့်မယ်။

(၄) တိကျတဲ့ရည်မှန်းချက်ရှိပါစေ။

ကိုယ့်အကြောင်းကိုသိပြီးရင် တိကျတဲ့နေရာတစ်ခုမှာထူးချွန်ဖို့ ကြိုးစားရပါမယ်။ ဥပမာ - marketing မှာပိုတတ်ကျွမ်းချင်ရင် အလုံးစုံသင်ယူတာမျိုးမဟုတ်ဘဲ ဘယ် marketing ရှုထောင့်မှာ အရည်အချင်းမြှင့်တင်မယ်ဆိုတာ သေချာအမှတ်အသားရှိပါစေ။ ဦးနှောက်က တိကျရှင်းလင်းတဲ့ရည်မှန်းချက်တွေအတွက် ပိုကောင်းအောင် အလုပ်လုပ်လေ့ရှိပါတယ်။

(၅) အောင်မြင်မှုကိုဆင်နွှဲပါ။

တစ်စုံတစ်ခုပြီးမြောက်အောင်မြင်သွားရင် နှုတ်ကနေ "ငါ့အောင်မြင်မှုအတွက် ငါဂုဏ်ယူတယ်" လို့ရွတ်ဆိုပြီး ကိုယ့်ကြိုးစားမှုရဲ့အရှင်သခင်လိုခံစားလိုက်ပါ။ "ဒီတစ်ခေါက်တော့ ကံကောင်းလို့အလုပ်ဖြစ်သွားတယ်" ဆိုတာမျိုးမပြောမိအောင် ရှောင်ကြဉ်ဖို့လိုပါတယ်။ အသင်းဖော်တွေနဲ့အတူ သူတို့အတွက်ဖြစ်စေ၊ ကိုယ့်အတွက်ဖြစ်စေ အနိုင်ရရှိမှုတိုင်းကို အောင်ပွဲခံဖို့အရေးကြီးပါတယ်။

တကယ်တော့ အောင်မြင်တဲ့လူတိုင်းကကျရှုံးဖူးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရလာတဲ့အောင်မြင်မှုတွေက ကံကောင်းလို့ရလာကြတာမဟုတ်ဘဲ ဒီရှုံးနိမ့်မှုတွေကနေ အင်အားအဖြစ် သင်ယူပြောင်းလဲခဲ့ကြတာပါ။ ကိုယ်တိုင်လည်း စိတ်နေစိတ်ထား၊ မျှော်မှန်းချက်တွေကိုပြောင်းလဲကြည့်ပြီး imposter စိတ်ကို ဖျောက်ဖျက်ဖို့လိုပါတယ်။ တကယ်လို့ Imposter Syndrome ဟာ ပြင်ပအလုပ်ခွင်ကြောင့်ဖြစ်ပေါ်တာဆိုရင်တော့ အမျိုးသမီးဦးဆောင်မှုကို အလေးပေးတဲ့လုပ်ငန်းခွင်ကိုရွှေ့ပြောင်းဖို့ အကြုံပြုပါရစေ။

ဒီစာဖတ်ပြီးမှ Imposter Syndrome ကိုယ့်မှာရှိနေမှန်း သိလိုက်ရသူတွေများရှိကြပါလား။

Further Reading
ခေါင်းဆောင်မှုနှင့်ဝန်ထမ်းရေးရာပြဿနာ
ခေါင်းဆောင်ဆိုတာ ပြဿနာကို တုံ့ဆိုင်းမနေဘဲ အချိန်မနှောင်းခင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ သေချာကိုင်တွယ်ဖြေရှင်းတတ်ဖို့လိုပါတယ်။
Jun 29, 2022
နွေးထွေးတဲ့လုပ်ငန်းခွင်လေး တည်ဆောက်ကြရအောင်
ကိုယ့်ရဲ့အဖွဲ့ဟာ တက်ကြွပျော်ရွှင်စွာနဲ့အလုပ်ပြီးမြောက်စေဖို့ဆိုရင် လုပ်ငန်းခွင်နွေးထွေးမှုရှိဖို့အတွက် ဦးဆောင်သူ Leader တွေက ဂရုစိုက်ပေးရပါမယ်။
Jun 21, 2022